ချီဖွေမြို့နယ်၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းဆောင်ရွက်
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို မေလ (၂၃) ရက်နေ့ နံနက် (၇) နာရီခွဲတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။