ရွှေကူ မေ ၂၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရေးကို ယမန်နေ့ နံနက် ၉ နာရီခန့်မှစတင်၍ အခြေခံပညာကျောင်း အသီးသီး၌ လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းဆောင်ရွက်ရာတွင် ကျောင်းသား၊ မိဘများနှင့် အုပ်ထိန်းသူများလိုက်ပါ၍ (KG အတန်းမှ Grade-12 အတန်းထိ) ကျောင်းအပ်နှံခြင်းကို ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမများက လက်ခံဆောင်ရွက် လျက်ရှိပြီး မေလ (၂၃) ရက်နေ့မှ (၃၀)ရက်နေ့ အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်က ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကိုပါ အခမဲ့ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)