နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၂၆ တွင် စနစ်ကျလယ်ယာမြေ ၃၁၈ ဧက၌ ရေဆင်းပေါ်ဆန်း ၃ ဧက၊ အောင်နိုင်တိုး ၈၀ ဧက၊ ထိုင်းနှံကောက် ၂၃၅ ဧက နွေစပါးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် တောင်သူ ဦးသန်းထွန်း၏ နွေစပါး စိုက်ခင်းတွင် ပေါင်းလိုက်သမန်းနှိုးခြင်း၊ ပေါင်းသတ်ဆေးပတ်ဖြန်းနေခြင်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။