နေပြည်တော်ကောင်စီနယ်မြေ

ဥတ္တရသီရိမြို့နယ်၌ မိုးစပါးစိုက်ခင်းများအား သွင်းအားစုပက်ဖျန်းမှုကွင်းသရုပ်ပြပွဲနှင့် သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာ သွင်းအားစုပေးအပ်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဝက်စုကျေးရွာ ကွင်းအမှတ်(၁၈၈၅) တောင်သူ ဦး‌အောင်နိုင်၏ ပေါ်ဆန်းစပါးမျိုး မိုးစပါးစိုက်ခင်းတွင် သွင်းအားစုအနေဖြင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို (၁:၃) စနစ်တကျရောစပ်၍ ပက်ဖျန်းမှု ကွင်းသရုပ်ပြပွဲကို စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းကကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုနှင့် ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကန်ဘောင်များ၊ လျှောက်လမ်းများနှင့် လမ်းဘေးပလပ်ဖောင်းများ ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ မင်္ဂလာကန်အတွင်းအမှိုက်များ၊ ဒိုက်များမရှိစေရေး ရှင်းလင်းဆောင်ရွက်ရန်နှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့် အဖွဲ့ဝင် ဗိုလ်မှူး ပြည့်ဖြိုးအောင်တို့က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းနေမှု များနှင့်သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြ‌ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ် အမြန်လမ်းသရက်ဇုံမှ ခြံတာဝန်ခံများအား ကော်ဖီသီးနှံစိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေနွေး

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အမြန်လမ်းသရက်ဇုံမှ ခြံတာဝန်ခံများအား ကော်ဖီသီးနှံများစိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မောင်း‌ရမ်းကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ဆောင်ရွက်ခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်းရှိ သမဝါယမအသင်းသားများ၏ မိုးစပါးစိုက်ပျိုးမှု ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၄ ရက်နေ့နံနက် ၁၀ နာရီက လယ်ဝေးမြို့နယ်၊ ကြို့ကုန်းကျေးရွာရှိ ထွန်းပေါက် စိုက်ပျိုးရေးထုတ်လုပ်ရေး သမဝါယမအသင်းသား ဦးအောင်စိုး၏ မိုးစပါး ၅ ဧကတွင် ထိုင်းနှံကောက်စပါးမျိုး စိုက်ပျိုးဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

တပ်ကုန်းမြို့နယ် ကံလှကျေးရွာအုပ်စုတွင် မဲပေးစက်အသုံးပြုခြင်း၊ မဲပေးစက်ဆိုင်ရာ အသိပညာပေး ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ ကံလှကျေးရွာတွင် Myanmar Electronic Voting Machine မဲပေးစက်အသုံးပြုခြင်းနှင့် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းကို စက်တင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခွဲက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

နေပြည်‌တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြင့်ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တဲကြီးကုန်းကျေးရွာ တောင်သူ ဦးမျိုးနိုင်ဦး၏ ကွင်းအမှတ် (၁၆၅၉) ကွင်း၌ သီနှံများပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူဆွေးနွေးပွဲ၊ ယူရီးယားဓာတ်မြေဩဇာပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲသို့ ‌တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဗ္ဗသီရိမြို့နယ်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇေယျာသီရိခရိုင်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၆ ရက်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ကုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။

နေပြည်ဝောာ်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေး

နေပြည်ဝောာ်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၂ ရက် ညနေပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင် အသုံးပြုရေးတို့ကို မှာကြားသည်။

လယ်ဝေးမြို့နယ်အတွင်း လယ်မြေများရေစီးရေလာကောင်းမွန်ရေးကွင်းဆင်းစစ်ဆေး၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ လယ်မြေများ ရေစီးရေလာကောင်းမွန်စေရေး၊ ကျေးရွာချင်းဆက်လမ်းများကောင်းမွန်စေရေးနှင့် မြန်မာအီလက်ထရောနစ်ဖြင့် မဲပေးခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ