ပျဉ်းမနားမြို့နယ်အတွင်း  တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အတွင်းရှိ တာဝန်ရှိသူများက ရန်အောင်-၂ ရပ်ကွက်၊ ရန်နိုင်ရပ်အတွင်း တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြပြီး ရပ်ကွက်နေပြည်သူများအား မီးဘေး အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)