ရွှေပြည်သာမြို့နယ်၌ မွေးကင်းစမှ (၂) နှစ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

ရွှေပြည်သာ ဇွန် ၈

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးစုရပ်အသီးသီး၌ ယမန်နေ့နံနက် (၉) နာရီက မွေးကင်းစမှ (၂) နှစ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို ရွှေပြည်သာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆရာမများက ရပ်ကွက်အတွင်းရှိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဝက်သက်-ဂျိုက်သိုး ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (pcv) ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ပိုလီယိုအစက်ချကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ (ဘီ) ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်

နေမျိုးထွန်း (ပြန်/ဆက်)