မြောင်းမြခရိုင် လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆွေနွေးပွဲကျင်းပ

မြောင်းမြ မတ် ၁၃

 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရှေ့လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် Book Club အဖွဲ့နှင့် ဆွေနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ဆွေနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ နာယက ဆရာကြီး ဦးခင်စိုး၊ Women Club အဖွဲ့မှဆရာမကြီးဒေါ်အုန်းကြိုင်၊ Youth Club အဖွဲ့မှဆရာလရောင်လင်းတို့က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သတ်၍ ဆွေးနွေးကြပြီးတက်ရောက်လာကြသောအဖွဲ့ဝင်များမှအကြံပြုဆွေးနွေးကြသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင်  အသိပညာပေး Talk Show ပွဲများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊  ဆွေးနွေးပွဲများ၊ စာအုပ်စာစောင်၊ နံရံကတ်စာစောင်ပြပွဲများနှင့် သင်တန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ဇေယျာ (ပြန်/ဆက်)