ရန်ကုန် မတ် ၁၃
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာန အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ဒုတိယနေ့ အင်္ဂလိပ်ဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သည့် တိုက်ကြီးမြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ ၇၄၀ ဦး ရှိကာ ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၉၉) ၊ ထန်းတပင်မြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ ၃၃၅ ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၆၇) ၊ သာကေတမြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ ၄၄၈ ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၉၂)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ ၅၀၁ ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၁၂)၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ ၁၁၅ ဦးရှိပြီး ဖြေဆိုသူ ၉၂ ရာခိုင်နှုန်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ဖြေဆိုသူ ၄၁၆ ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၂၇)၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဖြေဆိုသူ ၇၃၅ ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၉၉)၊ တာမွေမြို့နယ်တွင် ဖြေဆိုသူ ၂၅၃ ဦး ရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၄၀)၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၂၇)၊ ဒဂုံမြို့နယ်တွင် ဖြေဆိုသူ ၂၉၅ ဦးရှိပြီး ဖြေဆိုမှု ၉၉ ရာခိုင်နှုန်း၊ အလုံမြို့နယ်တွင် ဖြေဆိုသူ ၆၁ ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၈၅)၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြေဆိုသူ ၁၂၅၂ ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၇၈)၊ သုံးခွမြို့နယ်တွင် ဖြေဆိုသူ ၃၀၄ ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၁၂)၊ တွံတေးမြိုု့နယ်တွင် ဖြေဆိုသူ ၄၆၀ ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၆၃)၊ သန်လျင်မြို့နယ်တွင် ဖြေဆိုသူ ၆၉၅ ဦး ရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၉၉)၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ဖြေဆိုသူ ၆၉ ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၈၈.၀၇)၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဖြေဆိုသူ ၂၃၁ ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၄၅)၊ ခရမ်းမြို့နယ်တွင် ဖြေဆိုသူ ၃၂၁ ဦး ရှိကာဖြေဆိုမှုရာခိုင်နှုန်း (၉၈.၁၇)၊ ကော့မှူးမြို့နယ်တွင် ဖြေဆိုသူ ၂၀၁ ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၉၃)၊ ဗိုလ်တထောင်မြို့နယ်တွင် ဖြေဆိုသူ ၂၇၄ ဦး၊ ပုဇွန်တောင်မြိုု့နယ်တွင် ဖြေဆိုသူ ၃၅ ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၁၁) ရှိကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှ သိရသည်။
ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့် ကြပ်ကြည့်ရှု ပေးလျက်ရှိကာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။