ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် (၁၀) နာရီအချိန်က သတင်းရေးသားနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ သင်တန်းနည်းပြဆရာ စာတည်းမှူးချုပ် (ငြိမ်း) ဦးခင်မောင်ကျော်ဒင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသူ/ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။