ဗိုလ်တထောင်မြို့နယ် စန္ဒကူးရနံ့စာကြည့်တိုက်၌ စာပေဝါသနာရှင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်

ဗိုလ်တထောင် မေ ၂၅

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက် စန္ဒကူးရနံ့စာကြည့်တိုက်၌ စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့ညနေ ၄ နာရီ ခွဲအချိန်က စာကြည့်တိုက်တွင်ကျင်းပပြုလုပ်သည်။

အဆိုပါစာဖတ်ဝိုင်းဆွေနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအောင်မိုးကျော်၊ မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးဝေလင်းနှင့် အဖွဲ့ဝင်ဦးမြစိန်(စာရေးဆရာမိုးကျော်သူ)၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ စန္ဒကူးရနံ့စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးထွန်းသာနှင့် စာကြည့်တိုက်အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များတက်ရောက်ကြသည်။

ထို့နောက် စာဖတ်ဝိုင်းပြုလုပ်ရခြင်းအကြောင်းပြောကြားပြီး  စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသော လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်းစာအုပ်ကို  ကိုအောင်တင်စောကလည်းကောင်း၊ စာရေးဆရာနောင်ရိုးနွယ်ရေးသားသော စာဖတ်ခြင်းမှစာရေးခြင်းသို့စာအုပ်အား မမိုးချမ်းထက်ကလည်းကောင်း၊ စာရေးဆရာဒေါက်တာကျော်စိန်ရေးသားသော  လူငယ်လမ်းညွန်စာအုပ်ကို မအိမြတ်ဝင်းထွဋ်တို့မှလည်းကောင်း ဖတ်မှတ်ထားသည်များအား ကောက်နုတ်ဆေးနွေးဆွေးခဲ့ကြသည်။

အဆိုပါစာအုပ်များဖတ်ကြားဆွေးနွေးပေးသည့် ကိုအောင်တင်စော၊ မမိုးချမ်းထက်နှင့် မအိမြတ်ဝင်းထွဋ်တို့အား မြို့နယ်စာကြည့်တိုက်များကော်မတီဥက္ကဋ္ဌ ဦးဝေလင်းက ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်နှင့် ရေကိုခြိုးခြံချွေတာသုံးစွဲရေးအသိပညာပေးနံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခင်ဝင်း(ပြန်/ဆက်)