အလုံ မေလ ၂၄
အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အလုံမြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို ပြည်သူများ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထများရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတရရှိစေရန်၊ စာပေဝါသနာရှင်များအချင်းချင်း စာပေရေးရာ အသိပညာဗဟုသုတများကို နှီးနှောဖလှယ် ဆွေးနွေးနိုင်ရန်နှင့် လူအများနှင့် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်အတွက် ရည်ရွယ်ကာ လစဥ်ဆောင်ရွက်ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီးနောက် စာရေးဆရာအဲလ်ဗစ်ရေးသားသည့် အမြောက်ဆန်လေးရဲ့ဘဝခရီးစာအုပ်ဖြင့် စာဖတ်ဝိုင်းကိုဆောင်ရွက်ရာ Book Club အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးလှဝင်းက ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူများကလည်း ပါဝင်ဆွေးနွေးခဲ့ကြပြီး အဆိုပါ စာဖတ်ဝိုင်းသို့ အလုံမြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)