တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်း၊ စာအုပ်စာစောင်များငှားရမ်းခြင်းများကို ဩဂုတ်လ ၆ ရက်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်း၌ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။