ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင်လူငယ်စကားဝိုင်း ကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပ မြို့၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းမြတ်ခရေခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အ.ထ.က မင်းလှ(မြို့ပြင်) ကျောင်းတွင် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြည့်ရှု့အားပေးခဲ့ကြောင်းသိရသည်။

တိုက်ကြီးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီ က အခြေခံပညာမူလတန်းလွန်ကျောင်း(မြို့မ - ၇ ) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် အမှတ် (၁၆) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတလေ့လာ ဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို အမှတ် (၁၆) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေမးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကလိန်အောင်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ (၁) နာရီက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများ‌ ပြုလုပ်ခဲ့သည်။

မြိုသစ်မြို့နယ်၌ “ကမ္ဘာ့အိုဇုန်းလွှာသိမ်း‌ရေးနေ့” အထိမ်းအမှတ် စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က စာဖတ်ရှိန်မြင့်တင်ရေး “ကမ္ဘာ့အိုဇုန်းလွှာသိမ်း‌ရေးနေ့” အထိမ်းအမှတ် စာအုပ်ပြပွဲကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ သာစည်မြို့နယ်ရေဘေးသင့် ပြည်သူများအား ဆန်၊ရေ၊ရိက္ခာထောက်ပံ့ပြီး လမ်းပျက်စီးနေမှုများကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရေဘေးသင်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ရေ၊ရိက္ခာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်က ကြာဘက်ကုန်းကျေးရွာ အောင်ရတနာဧး ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

ကျောက်ဆည်ခရိုင်အတွင်းရှိ မြေနိမ့်ပိုင်းဧရိယာများနှင့် ရေနစ်မြုပ်သည့်နေရာများမှ ပြည်သူများအား ရေဘေး လွတ်ရာနေရာများသို့ ရွှေပြောင်းခြင်း၊ ရှာဖွေကူညီကယ်ဆယ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာပြီး ရေကြီးရေလျှံမှုများကြောင့် မြေနိမ့်ပိုင်း ဧရိယာများနှင့် အနီးရှိရပ်ကွက်များ၊ ကျေးရွာများတွင် ရေများဝင်ရောက်ကာ ရေနစ်မြုပ်နေမှုများဖြစ်ပေါ်ခဲ့ပြီး ရေနစ်မြုပ်နေသည့်နေရာများမှ ပြည်သူများအား ရေဘေးလွတ်ရာနေရာများသို့ရွှေပြောင်းပေးခြင်း၊ ရှာဖွေကူညီကယ်ဆယ်ပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် သံယံဇာတရေးရာဝန်ကြီး ပျော်ဘွယ်မြို့နယ် ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ သံဃံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့်အဖွဲ့တို့သည် ပျော်ဘွယ်မြို့နယ်သို့ ယမန်နေ့ညနေ (၆)နာရီက ရောက်ရှိပြီး မြို့ပေါ်ရပ်ကွက်များမှ ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားခြင်း၊ ရိက္ခာထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ