တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

ထားဝယ်       စက်တင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး  ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်း အနားကို စက်တင်ဘာ ၁၇ ရက် ညနေ ၃ နာရီ က ထားဝယ်မြို့ ရွှေဝယ်သီရီအားကစား ကွင်း၌ ကျင်းပသည်။ 

ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုကို  တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများကကြည့်ရှုအားပေးရာ ထားဝယ်ခရိုင်(က) အသင်းက မြိတ်ခရိုင်အသင်း ကို (၃)ဂိုး - ဂိုးမရှိဖြင့်အနိုင်ရသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်း အနားကို ဆက်လက်ကျင်းပရာ ထားဝယ်ခရိုင်(က) အသင်းမှ ရှေ့တန်းအကောင်းဆုံးဆုရ မအိအိစိုး၊ အလယ်တန်းအကောင်းဆုံးဆုရ မစန်းမြအေး၊ နောက်တန်း အကောင်းဆုံးဆုရ မဇင်ဇင်စိုး၊ ဂိုးအကောင်းဆုံးဆုရ မြိတ်ခရိုင်အသင်းမှ မမြတ်နိုးနှင့်  ပွဲစဉ်တစ်လျှောက်အကောင်း ဆုံးအားကစားသမားဆုရရှိသည့် မြိတ်ခရိုင်အသင်းမှ မအိအိဖြိုးတို့ကို တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက  ဆုများ ပေးအပ် ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးးက ဒုတိယဆုရရှိသည့် မြိတ်ခရိုင်အသင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ပထမဆုရရှိသည့် ထားဝယ်ခရိုင်(က) အသင်းတို့ကို  ဆုများ ပေးအပ်ချီးမြှင့်သည်။  ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုရရှိသည့် ထားဝယ်ခရိုင်(က) အသင်းအား  တံခွန်စိုက်ဆုဖလား ပေးအပ် ချီးမြှင့်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)