တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်၌ အ‌ခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားဖွံ့ဖြိုးတိုးတက်‌ရေး အစီအစဉ်အရ ကျင်းပပြုလုပ်‌သော အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့နယ်၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။

ဘုတ်ပြင်းမြို့ အ-မ-က-ထောင်မွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်ဟောပြောပွဲဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီက ဘုတ်ပြင်းမြို့အတွင်း ဘုတ်ပြင်းကျေးရွာအုပ်စု ထောင်မွန်ကျေးရွာ အ-မ-က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့နယ်၌ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာလ ၂၆ ရက်မှ မှ ၃၀ ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၌ အဖွဲ့များခွဲ၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့၌ ရွှေဆိုင်လုပ်ငန်းရှင် အခွန်ထမ်းပြည်သူများအား အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင် အခွန်ထမ်းပြည်သူများအား အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့နယ် အခွန်ဦးစီးဌာနရုံး၌ ကျင်းပသည်။

ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘုတ်ပြင်းမြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်း(၃)”စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က အလယ်မန်ကျေးရွာအုပ်စု အလယ်မန်ကျေးရွာ အမှတ်(၂)ရပ်ကွက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထားဝယ်မြို့၌ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီက ကျင်းပပြုလုပ်သော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ပုလောမြို့ အမှတ်(၅)ရပ်ကွက်တွင် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းရိတ်သိမ်းမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ်(၅)ရပ်ကွက် ထိပ်တန်းရှင်သမဝါယမအသင်း အသင်းသားတောင်သူများ စိုက်ပျိုးထားရှိသည့် မှော်ဘီ(၃)စပါးစိုက်ခင်းရိတ်သိမ်းမှုများကို ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးနှင့်တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ဘောလုံးအားကစားသများ မွေးထုတ်ပေးနိုင်ရေးအတွက် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစား ကွင်းတွင် ကျင်းပသည်။

ပုလောမြို့နယ်၌ မဲစာရင်းမကျန်ရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစီစစ်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရာ၌ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းကျန်ရှိမှုမရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာအုပ်စုများ၌ တစ်အိမ်တက်ဆင်းကွင်းဆင်းစိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လောင်းလုံးမြို့နယ်အတွင်း မဲစာရင်းတွင်အမည်ပါရှိစေရေး  တစ်အိမ်တက်၊တစ်အိမ်ဆင်း တိုက်ဆိုင်စစ်ဆေး

‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၌ လောင်းလုံးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိဒေသခံပြည်သူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး၊ မဲစာရင်းတွင်အမည်ပါရှိစေရေးစသည် လုပ်ငန်းစဉ်များကို မြေပြင်တစ်အိမ်တက်၊တစ်အိမ်ဆင်း တိုက်ဆိုင်စစ်ဆေးမှုဆောင်ရွက်မှုကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး