တနင်္သာရီတိုင်းဒေသကြီး

ကေ့ာကရိတ်မြို့၊ တပ်နယ်အတွင်းရှိ အရာရှိ၊ စစ်သည်မိသားစုဝင်များအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်‌

ကေ့ာကရိတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့၊ အမှတ်(၁၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၌  တပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ/စစ်သည်မိသားစုဝင်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပုလောမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးသူငယ်များအားပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး 

တနင်္သာရီတိုင်းဒေသကြီး၊ပုလောမြို့  အမှတ်(၁)ရပ်ကွက်ရှိ မိခင်နှင့်ကလေးဆေးခန်း၌ မွေးကင်းစမှ အသက်(၂)နှစ်‌အောက်အရွယ် ကလေးသူငယ်များအား ကျန်းမာရေး စောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို‌ စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့်ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်းများအားနှစ်စဉ်ကြေး ငွေကျပ် ၁၅၆ ဒသမ ၅၈ သန်းပေးအပ်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ နှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား နှစ်စဉ်ကြေးငွေများပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲက ထားဝယ် မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့် ရရှိပြီးသည့်  လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ လေးခု၊ အမျိုးသမီးဂေဟာနှစ်ခု၊ ဘိုးဘွားရိပ်သာသုံးခု၊ စေတနာမူလတန်း ညကျောင်းတစ်ကျောင်းနှင့် လူငယ့်ရိပ်သာတစ်ခုတို့အတွက် ထောက်ပံ့ ငွေကျပ် သန်း ၈၉ ဒသမ ၈၀ နှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၆၃ ကျောင်းသို့ ထောက်ပံ့ ငွေကျပ်သန်း ၆၆ ဒသမ ၇၈၀ ၊ စုစုပေါင်းနှစ်စဉ်ကြေး ငွေကျပ် ၁၅၆ ဒသမ ၅၈ သန်းအား ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေး နှစ်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

တနင်္သာရီတိုင်းဒေသကြီး  ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်း အနားကို စက်တင်ဘာ ၁၇ ရက် ညနေ ၃ နာရီ က ထားဝယ်မြို့ ရွှေဝယ်သီရီအားကစား ကွင်း၌ ကျင်းပသည်။ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုကို  တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများကကြည့်ရှုအားပေးရာ ထားဝယ်ခရိုင်(က)အသင်းက မြိတ်ခရိုင်အသင်း ကို (၃)ဂိုး - ဂိုးမရှိဖြင့်အနိုင်ရသည်။

ပလောက်မြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပလောက်နယ်မြေရဲစခန်းတို့ပူးပေါင်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် မူးယစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့တွင် (KG) ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် (KG)ကျောင်သား၊ ကျောင်းသူများအား  အာဟာရကျွေးမွေးခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင်  ကော့သောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ အ-လ-က(ခွဲ)ဘုရင့်နောင်၊ အ-ထ-က(ခွဲ) အ-လ-က၂၊ အ-လ-က၃၊အ-ထ-က(၁)၊ မူလွန်အောင်သုခ၊ မူလွန်ကြေးနန်းဝင်း၊ မူလွန် ၂ မိုင်၊ အ-လ-က(ခွဲ)၃မိုင် ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ရေဖြူ၌ ဝဥစိုက်ပျိုးထုတ်လုပ်သူများ ဈေးကောင်းရရှိပြီး ဝင်ငွေတိုး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဝဉစိုက်ပျိုးထားသူများ ဈေးကောင်းရရှိသဖြင့် မိသားစုဝင်ငွေတိုးကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများ ကျင်းပ

ကျောင်းသား/သူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာ‌စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရန်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စက်တင်ဘာ ၁၈ ရက်နေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်၌ တစ်ပိုင်တစ်နိုင် နို့စားနွားမွေးမြူရေးလုပ်ငန်းမှ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာလမင်းကိုကိုနှင့် ဝန်ထမ်းများက သရက်ချောင်းမြို့၊ နို့စားနွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသည့် ပန်းတောရပ်ကွက်နေ ဦးဇင်မောင်ထွေးခြံသို့ သွားရောက်၍ တစ်ပိုင်တစ်နိုင်နို့စားနွားမွေးမြူရာ၌ စနစ်တကျမွေးမြူနိုင်ရန်နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရာတွင် စနစ်တကျထုတ်လုပ်‌ရောင်းချနိုင်ရန်အတွက် လိုအပ်သည်များကို စစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး