ကျွန်းစု ဇူလိုင် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဇူလိုင် ၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က စခန်းသစ်ကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာ၌ လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စခန်းသစ်ကျေးရွာနေ ဦးမျိုးဦး ပိုင်ဆိုင်သည့် လူနေအိမ်သည် နေအိမ်အနောက်ဘက်ရှိ တောင်ကုန်းပေါ်မှ ကျောက်တုံးပြိုကျလာသဖြင့် နေအိမ်ပေါ်သို့ ပိမိကာ ပြိုကျပျက်စီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)