တနင်္သာရီတိုင်းဒေသကြီး

ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင်  ပုံပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန်၊ ယှဉ်ပြိုင်တက်သည့် အလေ့အကျင့်များ ရရှိစေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် စာကြည့်တိုက်အသုံးချမှု ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက ကလေးစာဖတ်ခန်း၌ ပုံပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပွဲကို ကျင်းပခဲ့သည်။

ရေဖြူမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများအား Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရေဖြူမြို့နယ်အနေဖြင့်  နိုင်ငံ့ဝန်ထမ်းများအား  Pfizer ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောင်သာဝတီခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၌ အငြိမ်းစားမိဘပြည်သူများအတွက် Unique Identity ကတ်များ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှလောင်းလုံးမြို့နယ်ရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာလိမ်လည် ထုတ်ယူခြင်းမှ ကင်းဝေးနိုင်စေရန်၊ လူပုဂ္ဂိုလ်မှန်ကန်မှုရှိ/မရှိ စိစစ်နိုင်စေရန်နှင့် ခေတ်မီနည်းပညာအသုံးပြုနိုင်ရန်၊ မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-pension စနစ်နှင့်  e-ID စနစ်တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် UID (Unique Identity) ကတ် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ဇူလိုင် ၂၃ ရက်က နံနက် ၇ နာရီက ထားဝယ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။

ဘုတ်ပြင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာနည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲနှင့် မဲပေးစက် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမ၌ ကျင်းပသည်။

ကော့သောင်းမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာလာ ရောက်ထုတ်ယူသူများအား UID (Unique Identity) ဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာလာရောက်ထုတ်ယူသူများအား UID (Unique Identity) များ ဆောင်ရွက်ခြင်းကို မြန်မာ့စီးပွားဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့၌ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်သစ်တောဦးစီးဌာနနှင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချူပ်ခြင်း(ICM) ပထမ(၅)နှစ် စီမံချက်အရ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်း က အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ကျင်းပသည်။

ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။

ပလောက်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ထိုးနှံပေးခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ ကျောင်းသားကျောင်းသူများအား အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။

ထားဝယ်ခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများအား ပင်စင်လစာများ လစဉ်ထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား) များအား ပင်စင်လစာငွေများကို ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ပေးလျက်ရှိသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး