ရေဖြူ ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရေဖြူမြို့နယ်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများအား Pfizer ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောင်သာဝတီခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Pfizer ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ယခင်ဆေးထိုးပြီး (၆)လပြည့်ပြီးသူများကို စည်းကမ်းချက်များနှင့်အညီစနစ်တကျထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ခတ္တာ(ရေဖြူ)