မြို့သစ်မြို့နယ်၌ MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ပို့ချ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း-၂) တွင်အသုံးပြုမည့် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီက ဘုရားကြီးရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရတနာခန်းမ) ၌ ပြုလုပ်သည်။