မော်လိုက် ဧပြီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် မြန်မာ့နှစ်ဆန်းနှစ်ရက်နေ့တွင် မြို့ပေါ်ရှိသံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်နံနက်(၁၀)နာရီအချိန်က ကြောင်ပန်းဘုန်းတော်ကြီး ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ကာ မြို့မကျောင်းတိုက်ဆရာတော်ထံမှ လူပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူညဆောက်တည်ခဲ့ကြပြီး ပရိတ်တရားတော်များကို နာယူကြည်ညိုသည်။ ထို့နောက် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချအမျှအတန်းပေးဝေသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး တက်ရောက်လာကြသူများကို ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ကိုထက်(ပြန်/ဆက်)