ကန့်ဘလူ ဧပြီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ၁၃၈၈ ခုနှစ် နှစ်သစ်အခါသမယ နှစ်ဆန်း တစ်ရက်နေ့သည် မြန်မာတို့၏ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်နှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်းကို မြို့ပေါ်ရပ်ကွက်များအတွင်း ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဆရာတော်သံဃာတော်များအား ပင့်ဖိတ်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ကန့်ဘလူမြို့ မြို့ဦးရွာမပရိယတ္တိစာသင်တိုက်မှ ဆရာတော်သံဃာတော်များက မြို့ပေါ်ရပ်ကွက်အသီးသီးတွင် ဘေးအန္တရာယ်များကင်းရှင်းကြစေရန် ရတနာသုတ်တော်၊ မေတ္တာသုတ်၊ ကမ္မဝာစာများဖြင့် မဟာရွှေစည်ကြီးစေတီတော်မှတစ်ဆင့် ကန့်ဘလူ-ကျွန်းလှလမ်း၊ မြို့ရှောင်လမ်း၊ တပင်ရွှေထီးလမ်း၊ ဦးအောင်ဇေယျလမ်း၊ အောင်သစ္စာလမ်းမှတစ်ဆင့် မဟာရွှေစည်ကြီးစေတီတော်သို့ မော်တော်ကားဖြင့် မြို့တစ်ပတ်လှည်လည်ပြီး မြို့တွင်းအန္တရာယ်ကင်းရှင်းစေရေး ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)