လဟယ်မြို့တွင်အသက် မွေးဝမ်းကြောင်း အထောက်အကူပြု(ဆံသ)သင်တန်းဆင်းပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လဟယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သောအသက် မွေးဝမ်းကြောင်းအထောက်အကူပြု (ဆံသ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။