ဟုမ္မလင်း ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကိုကို ဇန်နဝါရီလ (၉)ရက်နေ့၊ နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးး ဦးဧဆက်က ကျောင်းသားလူငယ်များအား “ဗလငါးတန်နှင့်နှင့် ပြည့်စုံပြီးအသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပေးရခြင်း ဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍မူလွန် (အ .မ .က-၁) ကျောင်းမှ Grade-2 ကျောင်းသား/သူ (၂၀)ဦးတို့က ဉာဏစွမ်းရည်ပြိုင်ပွဲမှ၊ “ကိန်းများဆက်၍ဆေးရောင်ခြယ်သည့်ပြိုင်ပွဲ” အားအသီးသီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြ၍ ပြိုင်ပွဲတွင်ဆုရရှိ သည့်ကျောင်းသား/ သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးကဆုလက် ဆောင်များချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူများက စာအုပ်စာစောင်ပြသဆောင်ရွက်ထားရှိမှုကို စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသား/သူများအား ဥာဏ်ရည်၊ ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးထက်မြတ်လာစေရေး၊ အသိပညာဗဟုသုတများ တိုးလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)