မော်လိုက်မြို့၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း(ဒုတိယအကြိမ်) အခမ်းအနားကျင်းပ
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အပိုင်း (၂) တွင် အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းကို ယမန်နေ့ညနေ (၃) နာရီအချိန်က အ.ထ.ကကျောင်းစုံညီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။