စစ်ကိုင်းတိုင်းဒေသကြီး

ကန့်ဘလူ၌ စျေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများကို ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ပြည်သူများ၊ ဝန်ထမ်းများစျေးနှုန်သက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အတွက် စားအုန်းဆီများ ရောင်းချပေးခြင်းကို ဇူလိုင် ၂၆ ရက်နံနက် ၈ နာရီက  ကန့်ဘလူခရိုင် စုပေါင်းရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ခန္တီးမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထုတ်ပြန်‌ကြေညာ

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို နိုင်ငံတစ်ဝန်းတွင် ယမန်နေ့ ဇူလိုင်လ(၂၇)ရက်နေ့၌ ထုတ်ပြန်‌ကြောညာလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ နံနက်(၆)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာန အ.ထ.က(ခန္တီး) ကျောင်းတို့တွင် ထုတ်ပြန်ကြေညာခဲ့‌ကြောင်းသိရသည်။

ဟုမ္မလင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် အောင်ချက် ၃၁.၉၆ ရာခိုင်နှုန်းရှိ

စစ်ကိုင်း တိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီမှ စ၍   မြို့နယ်ပညာရေးမှူးရုံး၊   အ ထ က (၁)စာစစ်ဌာန၊   အ ထ က(၂) စာစစ်ဌာနများတွင်   ထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်။     

ကျွန်းလှမြို့နယ်၌ အစေ့ထုတ်ပြောင်း ဧက ၁၅၀၀၀ ကျော်စိုက်ပျိုးပြီး လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်း ဧက ၁၅၀၀၀ ကျော်စိုက်ပျိုးပြီး လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ ဘတ်စကတ်ဘော(ကျား၊ မ)ပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတန်းပေါင်းစုံဘတ်စကတ်ဘော (ကျား၊ မ)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အာကစား ခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက် ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့နှစ်(၇၀၀) အားကစား ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

ရွှေဘိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း( ၃၃.၁၈) ရာခိုင်နှုန်းရှိ​ကြောင်းသိရ​

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူစာရင်းကို ဇူလိုင်လ ၂၇ ရက်ကထုတ်ပြန်ရာ စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုမြို့နယ်တွင် အောင်ချက်ရာခိုင်နှုန်း  (၃၃.၁၈) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

တမူးမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေငြာ

၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို တစ်နိုင်လုံးတွင် ဇူလိုင်လ(၂၇)ရက်နေ့ နံနက်(၆)နာရီအချိန်က မြို့နယ်များရှိ စာစစ်ဌာနများ၌ ထုတ်ပြန်ကြေငြာခဲ့သည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၁၆၀) ဦး ၆၅ ဒသမ ၅၇ ရာခိုင်နှုန်းအောင်မြင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၁၆၀) ဦး ၆၅ ဒသမ ၅၇ ရာခိုင်နှုန်းအောင်မြင်ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး