မုံရွာမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအားBiometric Data ကောက်ယူပြီး UID ကတ် ထုတ်ပေး
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်ထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric Data ကောက်ယူ၍ Unique Identification Number (UID) ကတ်ထုတ်ပေးခြင်းကို ဇူလိုင်လ ၂၃ ရက်နေ့မှစတင်၍ မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဌေး ဦးဆောင်သော ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။