စစ်ကိုင်းတိုင်းဒေသကြီး

ဖောင်းပြင်မြို့၌ ပါဠိပထမပြန်စာမေးပွဲ ကျင်းပဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက ရာဇမုနိပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ ပထမကြီးတန်းတွင် ဒွေမာတိကာ/ ဓမ္မပဒဘာသာ၊ ပထမလတ်တန်းတွင် ဒွေမာတိကာ/ ဓမ္မပဒဘာသာ၊ ပထမငယ်တန်းတွင် ဘိက္ခုပါတိမောက်/ ဓမ္မပဒဘာသာနှင့် အခြေပြုမူလတန်းတွင် ဝိနည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီ ဘာသာရပ်များကို ယနေ့တွင် ဖြေဆိုသည်။

မုံရွာမြို့ မဟာသင်္ကြန်ပွဲတော် လမ်းလျောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တေးဂီတဖျော်ဖြေပွဲများဖြင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ၁၃၈၇ ခုနှစ် ၊ ၂၀၂၆ ခုနှစ်  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မုံရွာမြို့ ကန်သာယာအနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် လမ်းလျောက် သင်္ကြန်၊ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တေးဂီတဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးးရအဖွဲ့ထံမှ သိရသည်။

ကန့်ဘလူမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ ပထမနေ့ ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်၊ ဓမ္မပဒ၊ ဒွေမာတိကာဘာသာကို ဖြေဆိုခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ ကိုယ်ပိုင်အထက်တန်းဆင့် သင်ကျောင်းများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ပေါ်ရှိ ကိုယ်ပိုင်အထက်တန်းဆင့် သင်ကျောင်းများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများကို မတ် ၂၉ ရက်နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်၊ ဟင်နောင်အုပ်စု၊ ဟူနောင်ကျေးရွာ၊ ရတနာသိဒ္ဓိကျောင်းတိုက်အတွင်း ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟင်နောင်အုပ်စု၊ ဟူနောင်ကျေးရွာ၊ ရတနာသိန္ဓိကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာ၏ တပည့်အရှင်နန္ဒိယသည် အစိုးရသာသနဓဇ ဓမ္မာစရိယဘွဲ့နှင့် ထိုင်းနိုင်ငံမဟာချူလာလောင်ကွန်းတက္ကသိုလ်မှ Master of Arts international English program (M.A.English) ဘွဲ့ကိုရရှိခဲ့ရာ ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို မတ် ၂၈ ရက်နေ့မွန်းတည့်(၁၂)နာရီအချိန်တွင် ဟူနောင်ကျေးရွာ ရတနာသိဒ္ဓိကျောင်းတိုက်ရှေ့ ဂုဏ်ပြုပူဇော်ပွဲမင်္ဂလာမဏ္ဍပ်၌ ကျင်းပခဲ့သည်။

ဟုမ္မလင်းမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲအား စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက်ရှိမြို့နယ်သံဃနာယကရုံးခန်းမတွင်ယနေ့နေ့လည်ပိုင်းကကျင်းပပြုလုပ်ရာကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော်များအေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

မော်လိုက်မြို့ တံတားဦးဘုန်းတာ်ကြီးကျောင်းတွင် သံဃာတော်များနှင့်‌ ‌သက်ကြီးဘိုးဘွားများ‌‌ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မ‌‌တီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် တံတားဦးဘုန်းတော်ကြီးကျောင်းတိုက်တွင် သံဃာတော်များနှင့် တံတားဦးရပ်ကွက်နှင့်‌ ညောင်ပင်သာရပ်ကွက်တို့ရှိ သက်ကြီးဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မတ် ၂၈ ရက်နေ့ နံနက် (၉) နာရီအချိန်က တံတားဦးဘုန်းတော်ကြီးကျောင်းတိုက်တွင်း ဆောင်ရွက်ခဲ့ကြသည်။

စစ်ကိုင်းမြို့တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲက စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

မုံရွာခရိုင်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများဆိုင်ရာကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် AML/CFT အသိပညာပေးမြှင့်တင်ရေးသင်တန်းဖွင့်ပွဲကျင်းပ

မုံရွာခရိုင်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် AML/CFT အသိပညာပေးမြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြသလ္လာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော်၊ သံဃာတော်များအားဆွမ်း/ဆွမ်းဟင်းများလောင်းလှူခြင်း၊ သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် ၃ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်းလှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၆ ကျောင်းမှ သီလရှင်ဆရာကြီး/ဆရာလေးများ အား ဆွမ်းဆန်စိမ်းများ လောင်းလှူပွဲကို မတ်လ ၂၈ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပရာ ဆွမ်း၊ ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲသို့ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ 
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး