စစ်ကိုင်းတိုင်းဒေသကြီး

ကသာမြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ကသာမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး ရက်သတ္တပတ်အစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်း (၄) ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာရေးဝန်ကြီး ဦးညွန့်ဝင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရာကြီးအား ဆေးဖြူသင်္ကန်းပြန်လည်ကပ်လှူပူဇော်နိုင်ရး၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊  ရွှေထီးတော်များ ပြန်လည်တင်လှူပူဇော်နိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် ငလျင်ဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမှုတော်ဘုရာကြီးအား ဆေးဖြူသင်္ကန်းပြန်လည်ကပ်လှူပူဇော်နိုင်ရး၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များ ပြန်လည်တင်လှူပူဇော်နိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရွှေဘိုမြို့၌ အမျိုးသမီးများအလုပ်အကိုင်အခွင့်အလမ်းရရှိ​ရန် အခြေခံစက်ချုပ် (အခမဲ့)သင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီးအစိုးရအဖွဲ့ တိုင်း​ဒေသကြီးက​လေးအလုပ်သမားပ​ပျောက်​ရေး​ကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီး​ပေး​ရေး လုပ်ငန်း​ကော်မတီနှင့် အ​သေးစားစက်မှုလုပ်ငန်းဦး​စီးဌာနတို့ ပူး​ပေါင်းဖွင့်လှစ်သည့် အ​ခြေခံစက်ချုပ်(အခမဲ့) သင်တန်းအမှတ်စဥ်  (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ​ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယမန်​နေ့နံနက်ပိုင်းက​ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားနှင့် ရောင်စုံပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားနှင့် ရောင်စုံပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လဟယ်မြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်များ(MEVM)အား ကြည့်ရှုစစ်‌ဆေး

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလဟယ်မြို့တွင် ရွေးကောက်ပွဲ အတွက်မဲရုံအလိုက် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်များ ရောက်ရှိ ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့နှင့် မြို့နယ်/ဒေသ ရွေးကောက်ပွဲကော်မရှင့်အဖွဲ့ခွဲ အဖွဲ့၀င်များက ဖွင့်ဖောက်စစ်ဆေးနေမှုကို နာဂဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့၀င်များက ယနေ့နေ့လယ် (၁၀)နာရီခွဲအချိန်က မဲပုံးရှိရာ လာရောက်ကြည့်ရှုစစ်ဆေးပါသည်။

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ပိုစတာပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ပိုစတာပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နာဂဒေသ၊ ပန်ဆောင်မြို့၌ လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက နောင်ယန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးအားကစားပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးအားကစားပြိုင်ပွဲကို မြို့နယ်အားကစားကွင်း၌ ယနေ့ညနေ ၃ နာရီအချိန်က ဖွင့်ပွဲအခမ်းအနားနှင့်တကွ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး