ရွှေဘို မတ် ၁၀
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က ရွှေဘိုခရိုင်မီးသတ်ရုံးခန်းမတွင်ကျင်းပကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာ ရှိဒေါ်ချောစုက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား/သူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါသင်တန်းကို 10-3-2025 မှ 11-3-2025 ထိဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ကာ၊ သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)