မင်းလှမြို့၌ မူလတန်းဆင့်Grade-5 နှင့် အလယ်တန်းဆင့် Grade–9 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 နှင့် အလယ်တန်းဆင့် Grade-9 သင်ကြားသင်ယူမှု ထိရောက်ရေးအရည်အသွေးမြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီချိန်က အ.ထ.က မင်းလှ(မြို့တွင်း) ကျောင်းသပြေခန်းမ၌ ကျင်းပပြုလုပ်သည်။