ပဲခူးတိုင်းဒေသကြီး

ရွှေကျင်မြို့နယ် ညောင်ဝိုင်းရပ်ကွက်သို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်အဖြင့် စာအုပ်၊ စာစောင်များလှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရွှေကျင်မြို့‌ပေါ်ရှိ ညောင်ဝိုင်းရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်မိုးလုံလေလုံအားကစားခန်းမနှင့် ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည်။

သဲကုန်းမြို့နယ်၌ အခြေခံအေရိုးဗစ် (fitness dance) သင်တန်းဆင်းပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံအေရိုးဗစ် (fitness dance) သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေကျင်မြို့တွင် ရွှေကျင်မူလတန်းကြိုကျောင်းပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက် ရွှေကျင်မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ ပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက မြို့နယ်စည်ပင်ခန်းမတွင် ကျင်းပကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) ကျင်းပခဲ့သည်။

နှစ်(၈၀)ပြည့်တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး (YMBA)အသင်းမှ ကြီးမှူး၍ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

နှစ်(၈၀)ပြည့်တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ပဲခူးတိုင်းဒေသကြီး)မှကြီးမှူး၍ ယမန်နေ့က ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။

ပြည်မြို့၌ "သနပ်ခါးအလှ မြန်မာကအစ - ခြင်းလုံးအစ သရေခေတ္တရာက" ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရိုးရာအားကစားနှင့်ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကကြီးမှူးကျင်းပသည့် "သနပ်ခါးအလှ မြန်မာကအစ - ခြင်းလုံးအစ သရေခေတ္တရာက" ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်မြို့လွတ်လပ်ရေးကျောက်တိုင်ကွင်းနှင့် မြို့နယ်အားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲအခမ်းအနား  ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ပြည်မြို့လူထုအခြေပြုဗဟိုဌာန၌ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာအုပ်လှူဒါန်းခြင်းနှင့် စာပေပွဲတော်ဖြစ်မြောက်ရေး ပထမအကြိမ်အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)မြို့နယ်များရှိ ရှင်သန်နေသော ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအတွက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာအုပ်များလှူဒါန်းခြင်းနှင့် စာပေပွဲတော်ဖြစ်မြောက်ရေး ပထမအကြိမ်အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

ပဲခူးမြို့၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သွားရောက်ကြည်ညိုပြီး အအေးနှင့်လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ(ပထမနေ့)ကို ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သွားရောက်ကြည်ညိုပြီး အအေးနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး