ပဲခူးတိုင်းဒေသကြီး

ရွှေတောင်မြို့နယ်တွင် ၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ကံထူးရှင်ရွေးချယ်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ကံထူးရှင်ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လွတ်လပ်ရေးကျောက်တိုင်ရှေ့ မြက်ခင်းပြင်၌ ကျင်းပခဲ့သည်။

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် သံဃာအပါး(၅၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ပါဝင်လှူဒါန်း

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ သံဃာအပါး(၅၀၀)ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ဧပြီလ(၁၂) ရက်နေ့၊ ညနေပိုင်းအချိန်က အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ပါဝင်လှူဒါန်း ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ကြသည်။

ကဝမြို့နယ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကြိုနေ့၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာရေကစား

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြန်မာတို့၏ ရိုးရာယဥ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မပျောက်ပျက်အောင်ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ပြီး မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား ယနေ့နံနက်ပိုင်းသင်္ကြန်အကြိုနေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှေ့နှင့် ရပ်ကွက်အတွင်းရှိ မဏ္ဍပ်များတွင် ပြည်သူများ အေးချမ်းစွာရေကစားလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ( YMBA ) အသင်းမှ ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် အလှူငွေများပေးအပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ဧပြီလ(၁၀)ရက်နေ့ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့သွားရောက်၍ ငလျင်ဘေးဒဏ်သင့်ပြည်သူမျာအတွက် အလှူငွေပေးအပ်လှူဒါန်းခဲ့သည်။

မင်းလှမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ငွေနှင့်ဆန်ရိက္ခာဖိုးများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးရွာသွန်းပြီး‌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခံရသည့် အိမ်‌ထောင်စုဝင်များလက်ဝယ်အရောက် ငွေနှင့်ဆန်ရိက္ခာဖိုးများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။

ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြန့်ဖြူးရောင်းချပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ငလျင်ဘေးဒဏ်သင့်ပြည်သူများ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ဖြူးချောင်းတံတားထိပ် ဝဲဒေါင့်ခုံတဲကျေးရွာတွင် ဆန်နှင့်အခြေခံစားသောက်ကုန်များကို လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ငလျင်ဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လာရောက်လှူ ဒါန်းလျက်ရှိ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမသို့ ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြသည်။

ရွှေတောင်မြို့နယ်၌ နွေစပါး ၂၇၂၅ ဧက လျာထားစိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ နွေစပါးစိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ နတ်မှော်မြစ်ရေတင်ဖြင့် စိုက်ပျိုးရေများကို ဇန်နဝါရီလမှစတင်၍ စိုက်ပျိုးမြေများသို့စတင်ဖြန့်ဝေခဲ့ပြီးနောက် နွေစပါးစိုက်မည့် တောင်သူများသည် ယခုရက်သတ္တပတ်အတွင်း စိုက်ပျိုးမြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။

ကျောက်ကြီးမြို့နယ်၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၂/၂၀၂၅ ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ယမန်နေ့နံနက် ၈ နာရီ အချိန်တွင် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း ၂/၂၀၂၅ ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်း တစ်ဧက(၁၃၂)တင်း ထွက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အသရော်ကျေးရွာအုပ်စု၊ ရဲ+မြ လုပ်ငန်းစုမှ ဦးရဲဒင်၏ နွေစပါးဆင်းသုခ စပါးမျိုးဧက ၃၀ စိုက်ခင်းတွင် ယမန်နေ့က စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့​သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး