ညောင်လေးပင်မြို့၌ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်(မြို့နယ်အဆင့်) အရည်အသွေးမြှင့် ဆွေးနွေးပွဲပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်(မြို့နယ်အဆင့်) အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်ကြားပို့ချခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အ.ထ.က(ခွဲ)အခြေခံပညာအထက်တန်းကျောင်းတို့၌ သင်ကြားပို့ချလျက်ရှိသည်။