ကျောက်ကြီးမြို့နယ်၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၂/၂၀၂၅ ဖွင့်လှစ်

ကျောက်ကြီး မတ် ၂၇

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ယမန်နေ့နံနက် ၈ နာရီ အချိန်တွင် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း ၂/၂၀၂၅ ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး မင်းမြတ်ဘုန်းက နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား လူငယ်များအား အတတ်ပညာတစ်ရပ်အနေဖြင့် ရည်ရွယ်ပြီး ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၂/၂၀၂၅ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းအား မတ်လ ၂၆ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ ၃ ရက်တာ နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအချိန်အထိ သင်တန်းသား/ သင်တန်းသူ(၂၇)ဦးဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး၊ မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြက်ခြေနီအကြောင်း သိကောင်းစရာများပြောကြားခြင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဒုဥက္ကဋ္ဌ ဦးသိန်းထွဋ်အေးက သင်တန်းကာလ တိုတောင်းသည့်အတွက် ကြိုးစားသင်ယူလေ့လာရန်နှင့် သင်တန်းနည်းပြများအနေဖြင့်လည်း သင်တန်းသားများအားလုံးကို အခြေခံရှေးဦးပြုစုမှု အတတ်ပညာများအား လက်ဆင့်ကမ်းမျှဝေသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းစတင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)