အကြမ်းဖက်ဖြစ်စဉ်များကြောင့် ညောင်လေးပင်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ညောင်လေးပင်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က ညောင်လေးပင်မြို့နယ် သာသနာ့ဗိမာန်ကျောင်းဝင်းကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။