ညောင်လေးပင် မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ညောင်လေးပင်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က ညောင်လေးပင်မြို့နယ် သာသနာ့ဗိမာန်ကျောင်းဝင်းကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို ညောင်လေးပင်မြို့နယ်အတွင်းရှိ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ မဒေါက်နှင့်ရွှေကျင်ဒေသများအတွင်းသို့ ယာယီနေရပ်စွန့်ခွာရောက်ရှိလာသည့် ပြည်သူများကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုရာကာယကံရှင်များ လက်ဝယ်အရောက် ထောက်ပံ့ငွေများအား အသီးသီးပေးအပ်ကြသည်။
ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာ ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးအတွက် မေလတစ်လစာ ကျပ် ၂ သောင်းနှုန်းဖြင့် (၁၈၀၈၅)ဦးအတွက် ကျပ်သိန်းပေါင်း သုံးသိန်းခြောက်ထောင်ကျာ်ကို ညောင်လေးပင်မြို့နယ်ရှိ မြို့မ(၃)ရပ်ကွက်အတွင်း သက်ဆိုင်ရာကာယကံရှင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)