ပဲခူးတိုင်းဒေသကြီး

ဝေါမြို့နယ်၌ မြို့နယ်အဆင့်‌ ဗုဒ္ဓဘာသာယဉ်ကျေးမှု ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မြို့နယ်အဆင့်‌ ဗုဒ္ဓဘာသာယဉ်ကျေးမှု ထူးချွန်ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဝေါ)၊ သီရိဇေယျာခန်းမ၌ ကျင်းပကြောင်း သိရသည်။

စတုတ္ထအကြိမ်မြောက် သစ်လွင်သားဖွားခန့်အပ်လွှာပေးအပ်ပွဲ၊ (၁၀၈)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက စတုတ္ထအကြိမ်မြောက် သစ်လွင်သားဖွား ခန့်အပ်လွှာပေးအပ်ပွဲ၊ (၁၀၈)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်း အပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးဦးရာသီသစ်ပင်စိုက်ချိန် ဒေသခံပြည်သူများ အခမဲ့စိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာနတွင် ပျိုးပင်ပေါင်း ၄၀၀၀၀ ပျိုးထောင်ထားရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် မိုးဦးရာသီသစ်ပင်စိုက်ချိန်ဒေသခံပြည်သူများ အခမဲ့စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်သစ်တောဦးစီးဌာနတွင် ပျိုးပင်ပေါင်းလေးသောင်း ပျိုးထောင်ထားရှိပြီး လာမည့်ဇွန်လပထမပတ်အတွင်း မြို့နယ်အတွင်းစိုက်ပျိုးသွားနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းသိရသည်။

အုတ်ဖိုမြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီ ၃၀ မိနစ်အချိန်က အ.ထ.က(အုတ်ဖို)ကျောင်းဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အုတ်ဖိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ယဉ်ယဉ်လှိုင်နှင့် ဆရာဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသားငျောင်းသူများ၊ ကျောင်းသားမိဘများ၊ လူမှုရေးအသင်းအဖွဲ့များ (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

သာယာဝတီမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို ပျိုးပင်များဝေငှခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် သစ်တောဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပျိုးပင်များဝေငှနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မေလ ၃၀ ရက်နေ့၊ နံနက် ၇နာရီက သာယာဝတီမြို့မစျေး၌ ပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်၌ အထွက်တိုး အောင်နိုင်တိုးမျိုးစပါး ပေးအပ်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၌ မြို့နယ်သမဝါယမဦးစီးဌာနတွင် သမဝါယမအသင်းစုက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂၀၂၅-၂၀၂၆ မိုးစပါး စီမံကိန်းအတွက် မိုးစပါးစိုက်ပျိုးကြမည့် သမဝါယမအသင်းသားတောင်သူများအား အထွက်တိုး အောင်နိုင်တိုး စပါးမျိုးများ ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမ ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သာယာဝတီ၌ နွေစပါးများ ရိတ်သိမ်းလျက်ရှိ စပါးစျေးကောင်းမွန်ရေး တောင်သူများမျှော်လင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ နွေစပါးများ ရိတ်သိမ်းလျက်ရှိပြီး စပါးစျေးကောင်းမွန်ရေး တောင်သူများမျှော်လင့်လျက်ရှိကြောင်း သိရသည်။

အ.ထ.က(မိုးညို)၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က(မိုးညို) သရဖူခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့‌သည်။

ရွှေတောင်မြို့နယ်၌ မေလ ၂၉ ရက်နေ့အထိ ကျောင်းအပ်နှံသူ ၁၆၈၀၀ ဦးအထိရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကိုယ်ပိုင်ကျောင်းနှင့်  စာသင်ကျောင်းများသို့ ယမန်နေ့(မေလ၂၉ရက်နေ့)အထိ ကျောင်းအပ်သူစုစုပေါင်း ၁၆၈၀၀ ဦးအထိရှိလာကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး