အ.ထ.က(မိုးညို)၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

မိုးညို မေ ၃၀

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က(မိုးညို) သရဖူခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့‌သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူကလေးများက "ကျောင်းအပ်ကြမယ်" သီချင်းဖြင့်သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင်က အဖွင့်အမှာစကားပြောကြားကာ ဒုတိယမြို့နယ်ပညာရေးမှူးဦးသန်း‌ဌေးက ကျောင်းအပ်နှံရေးဆိုင်ရာများကိုရှင်းလင်းပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သော ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများထံ ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၁၆၆)ကျောင်းတွင် မေလ ၂၂ ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံခဲ့ပြီ ဇွန်လ ၁ ရက်နေ့ထိကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကိုမင်း