ပန်းတောင်းမြို့နယ်၌ မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မိုးကြိုကာလ (ဧပြီ၊ မေ) နှင့် မိုးနှောင်းကာလ (အောက်တိုဘာ၊ နိုဝင်ဘာ) လတို့တွင် အဖြစ်များလေ့ရှိသည့် မိုးကြိုးဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က အ.ထ.က (ပန်းတောင်း) ကျောင်းတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့သည်။