သာယာဝတီမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အမှတ် (၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ) မှ တပ်ဖွဲ့စိတ်မှူးနှင့် တပ်ဖွဲ့ဝင်များက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အ.ထ.က (စံရွေး) ကျောင်း၌ ကျင်းပခဲ့သည်။