ပေါင်းတည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သစ်ပင်စိုက်ပွဲကျင်းပ

ပေါင်းတည် ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၈နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်း၌ သစ်ပင်စိုက်ပွဲကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်လှိုင် ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်းကာ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးနှင့် စားပင်သီးပင်များ ပေါကြွယ်ဝစေရေးတို့အတွက် ကျွန်းပင်၅၀၊ကံ့ကော်ပင်၂၀၊ ပိတောက်ပင်၃၀၊ ယူ ကလစ်ပင်၅၀ စုစုပေါင်းသစ်မျိုး ၅မျိုး အပင်၁၅၀ နှင့်သြဇာပင်၂၀၊ ငှက်ပျောပင်၂၀၊ ကြောင်လျှာပင်၂၀၊ ဆူးပုတ်ပင်၃၀၊ သင်္ဘောပင်၂၀ ၊ သရက်ပင်၂၀နှင့် မြန်မာသံပုရာပင်၂၀ စုစုပေါင်း စားပင်သီးပင် ၁၅၀စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

ရွှေသား