ပဲခူးတိုင်းဒေသကြီး

လက်ပံတန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိ ပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်အသိပညာပေးဟောပြောပွဲများကို စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက အမက(ကျွဲနစ်)နှင့် အ.လ.က (ကျွန်းကလေး)ကျောင်းတို့၌ ပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၉ ရက် နေ့လယ်  ၂ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

ညောင်လေးပင်မြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အသိပညာပေးသင်တန်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၊ နည်းပဒေအသိပညာပေးသင်တန်းကို စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ(၂း၃၀)အချိန်က မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အ.လ.က ခြဲ (၄)ရပ်ကွက်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အ.လ.က ခြဲ(၄)ရပ်ကွက်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဉီးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၉ ရက်နေ့နံနက် (၁၀)နာရီ အချိန်က အခြေခံပညာအလယ်တန်းကျောင်းခွဲ(၄)ရပ်ကွက်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ဒိုက်ဦးမြို့နယ် ဖောင်တော်သီအခြေခံပညာအထက်တန်းတွင် လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်းတွင် လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စက်တင်ဘာ ၁၀ ရက်နံနက်ပိုင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲ​ပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ စက်တင်ဘာ ၁၀ ရက်က မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲ​ပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆန်စက်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများ ဆောင် ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးအကြံပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်မြင့်ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်များမှ စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆန်စက်များအား ကွင်းဆင်းစစ်ဆေးအကြံပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 အ.လ.ကခွဲ (၄)ရပ်ကွက်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အ.လ.ကခွဲ (၄)ရပ်ကွက်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဉီးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၉ ရက်နေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်းခွဲ (၄)ရပ်ကွက်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ဖြူးမြို့တွင်း ထန်းကုန်းလမ်းမမှ (၂၃)လမ်းကိုဆက်သွယ်သွားလာနိုင်သည့် (၁၉)လမ်းအား  ကွန်ကရစ်လမ်းသစ်ခင်းကျင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်အတွင်းလမ်းများ အသစ်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ထန်းကုန်းလမ်းမှ (၂၃)လမ်းအထိဆက်သွယ်သွားလာအသုံးပြုနိုင်သော (၁၉)လမ်းအား  ကွန်ကရစ်လမ်းသစ်ခင်းကျင်းနေခြင်းကို တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်တွင် မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကျောင်းသားအားကစားပြိုင်ပွဲအတွက် မြို့နယ်အဆင့်အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများစေလွှတ်နိုင်ရေး မြို့နယ်အဆင့်ကျောင်းပေါင်းစုံပဏာမလူရွေးချယ်ပွဲကို စက်တင်ဘာလ ၉ ရက်နေ့နံနက် ၈ နာရီကစတင်၍ ပြည်သူ့အားကစားကွင်းနှင့် မိုးလုံ‌လေလုံ အားကစားကွင်းတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး