ကျောင်းကုန်း နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၌ (၃၄)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲကိုသစ်ဆိမ့် ကုန်းအုပ်စု၊ နတ်ချောင်းကျေးရွာ ရတနာရက္ခိတကျောင်း ၌ ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကံဦးဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ပရိတ်တရားတော်များ နာယူခဲ့သည်။ မြို့နယ်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက စုပေါင်းမဟာဘုံကထိန် လှူဒါန်းရခြင်းအကြောင်း လျှောက်ထားပြီး၊ ကထိန်လျာမြတ်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် အနုမောဒနာတရား နာကြားကာ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး၊လာမည့် ၂၀၂၆ ခုနှစ်၊(၃၅)ကြိမ် မြောက် မြို့နယ်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲအတွက် စာရေးတံမဲနှိုက်၍ ရွေးချယ်ခဲ့ကြရာ အမှတ်(၂) ရပ်ကွက် ဓမ္မာနုဂ္ဂဟကျောင်းတိုက်မဲပေါက်ခဲ့သည်။
ကျောင်းကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း+မြို့နယ်အမျိုးသမီးရေးရာအဖွဲ့+မီးသတ်+လူမှုဝန်ထမ်း+ကော်မရှင်+စစ်မှုထမ်း ဟောင်း၊ မြို့နယ်တရားရုံး+ဥပဒေ+မွေး/ကု +ရုပ်/သံ၊ စီးဘဏ်+ဆက်သွယ်ရေး+စာရင်းစစ်+ စာတိုက်၊ လယ်စီ/အင်း+စိုက်ပျိုးရေး၊ အခြေခံပညာ၊ ကျန်းမာရေး+တိုင်းရင်းဆေး၊ ငါးလုပ်ငန်း+ပြန်/ဆက်+အား/ကာ+စီမံကိန်း၊ စည်ပင်သာယာ၊ လဝက+သစ်တော+လျှပ်စစ်လမ်းဦးစီး၊ ကျေးလက်+ ဆည်မြောင်း+ကျေးလက်လမ်း၊ အခွန်+စားသုံးသူ+သမ၊ မြို့နယ်ပုဂ္ဂလိကမော် တော်ယာဉ်များစနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီ၊ မြို့နယ်ဗွီဒီယိုလုပ်ငန်းရှင်များအသင်း၊ "မြတ်ကျွန်းသာ" အသေးစားပုဂ္ဂလိကငွေချေးလုပ်ငန်း၊ ဂွတ်ဘရားသား(GBS) ကုမ္ပဏီ၊ ပြည့်မဟာအသေးစားချေးငွေလုပ်ငန်း၊ LOLC အသေးစားချေးငွေလုပ်ငန်း၊ (T S)စက် သုံးဆီအရောင်းဆိုင်၊ REGENCYစက်သုံးဆီအရောင်းဆိုင်၊ မြတ်မေတ္တာမွန်စက်သုံးဆီအရောင်းဆိုင်၊ DENKO စက်သုံးဆီအရောင်းဆိုင်၊ အင်ကြင်းနီစက်သုံးဆီအရောင်းဆိုင်၊ MOB ဘဏ်၊ AYA ဘဏ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ရွှေလုပ်ငန်းရှင်များအသင်း၊ ဆီလုပ်ငန်းရှင်များအသင်း၊ နီကိုရေသန့်စက်၊ BNG ရေသန့်စက်၊ K Z ရေသန့်စက်၊ ပေါင်ပေါင်းရေသန့်စက်၊ ရပ်ကွက် (၅)ခုတို့မှ ပစ္စည်းတန်ဖိုး(၄၇)သိန်းကျော်နှင့်ငွေသားတန်ဖိုး(၂၂၁)သိန်းကျော်၊ စုပေါင်း ငွေကျပ်(၂၆၉)သိန်းကျော် လှူဒါန်းနိုင်ခဲ့ကြောင်းနှင့် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)