ငပုတော နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အထကငပုတော အခြေခံပညာအထက်တန်းကျောင်းပညာရေးမိသားစု၏ စုပေါင်းမဟာဘုံကထိန်ပွဲကိုမဲဇလီကျောင်းတိုက်၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အ.ထ.က ငပုတော ကျောင်းရှေ့မှမှ မဂ္ဂင်လမ်း၊ ယင်းမာလမ်းမှ မေတ္တာလမ်းထိ ပဒေသာပင်များဖြင့် စီတန်းလှည့်လည်ခဲ့ကြသည်။ ယနေ့ အ.ထ.က(၁) Grade 5မှ Grade 12ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရုံးအဖွဲ့များ၏ စုပေါင်းလှူဒါန်းငွေမှာ ငွေသား (၁၂၀)သိန်းကျော် လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး ရေစက်ချအနုမောဓနာတရားနာကြားခြင်း မင်္ဂလာအခမ်းအနားပြုလုပ်ရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မဲဇလီကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များရွတ်ပွားခဲ့ပြီး၊ကထိန်လျာ”ဉာတ်”သင်္ကန်းအား မြို့နယ်ပညာရေးမှူးနှင့်ကျောင်း အုပ်ဆရာမကြီးတို့က ဆက်ကပ်လှူ ဒါန်းခဲ့သည်။
ထို့နောက် ရေစက်ချအနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတမ်းပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)