မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့်ပဒေသာကပွဲကို မတ်လ ၂၆ ရက် နံနက် ၉ နာရီခွဲက အဆိုပါမူလတန်းကြို ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့၌ ဆီကြိတ်စက်ရုံမီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့စက်မှုဇုန် နှစ်လမ်းရှိ အောင်ဇမ္ဗူဟိန်းဆီကြိတ်စက်ရုံတွင် ယနေ့နံနက် ၄ နာရီ ၅၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများမှတောင်သူများ တနှစ်လျှင်ပြောင်းဖူးလေးကြိမ်ထိ စိုက်ပျိုးရောင်းချလျက်ရှိပြီး ဈေးကောင်းရရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုမှ ကျေးရွာများ တနှစ် ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့် ဈေးနှုန်းကောင်းရရှိနေကြကာ သင်္ကြန်နားနီးလေ ဈေးနှုန်းကောင်းလေဖြစ်နေကြောင်း ပြောင်းဖူးစိုက်ပျိုးတောင်သူများထံကသိရသည်။

ညောင်ဦးမြို့နယ်၌ သင်္ကြန်အတာအိုးများရောင်းအားကောင်းပြီး ဈေးနှုန်းကောင်းရရှိနေ

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအကြို ညောင်ဦးမြို့နယ်၊ငါ့သရောက်မြို့၊ တောင်ကုန်းကျေးရွာထွက် အတာသင်္ကြန်အိုးများရောင်းအားကောင်းနေကြကြောင်း တောင်ကုန်းကျေးရွာ အတာသင်္ကြန်အိုးရောင်းနေသည့် ဦးစိန်မြင့်ထံက သိရသည်။

နွေရာသီအချိန်တွင်  သံတောင်ကြီးဒေသထွက် တော်ပေါ်ကွမ်းရွက်ကမ်းများဈေးကောင်းရရှိ

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည်  ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို  အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ တောင်ပေါ်ကွမ်းရွက်ကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိပြီး ယခုနွေရာသီအချိန်တွင်သံတောင်ကြီးဒေသထွက်တော်ပေါ် ကွမ်းရွက်ကမ်းများဈေးကောင်းရရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့၌ မက္ကဒေးမီးယား စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနည်းပညာပေးသင်တန်းဖွင့်လှစ်

နိုင်ငံခြားဝင်ငွေရရှိနိုင်သော မက္ကဒေးမီးယားသီးနှံပင်အား အသီးအရည်အသွေးနှင့်အထွက်နှုန်းကောင်းသော ကိုင်းဆက်မျိုးကောင်းပင်များ ပြောင်းလဲစိုက်ပျိုးလာစေရန်နှင့် စိုက်ခင်းစတင် တည်ထောင်ချိန်မှစ၍ စိုက်ခင်းတွင် ပြုစုထိန်းသိမ်းခြင်း နည်းပညာများကို တောင်သူများ ကိုယ်တိုင် ပျိုးထောင်လုပ်ကိုင် ဆောင်ရွက်လာနိုင်ကြစေရန်နှင့် မက္ကဒေးမီးယားအသီးအားတန်ဖိုးမြင့် ကုန်ချော ထုတ်လုပ်ရောင်းချနိုင်ခြင်းကို ဆောင်ရွက်နိုင်ကြစေရန်ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(နောင်ချို)တို့ ပူးပေါင်းဖွင့်လှစ်သော မက္ကဒေးမီးယား စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း နည်းပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ပြင်ဦးလွင်မြို့နယ်၊ မြန်မာ-ခါနန် တောင်သူ လယ်သမားနည်းပညာဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်း၊ ဒိုးကွင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့၌ စားအုန်းဆီ   ၅၅၀  ပိသာအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ပြည်သူများ စားသုံးဆီဝယ်ယူသုံးစွဲရာ၌ အထောက်အပံ့ရရှိစေရန်အတွက် စားအုန်းဆီတင်သွင်းသော သတ်မှတ်အရည်အသွေးပြည့်ဝသည့် Resources Group Trading Co.,Ltd မှ  စားအုန်းဆီများကိုဝယ်ပြီး  အိမ်ထောင်စုတစ်စုလျှင် ဆီဝယ်ယူခွင့်စာအုပ်များ ပြုလုပ်ပေး၍ တစ်ကြိမ်ရောင်းချပေးပါက ၂ ပိဿာနှုန်းဖြင့် အပတ်စဉ်ပြည်သူများအား အလှည့်ကျရောင်းချပေးလျက်ရှိကြောင်းသိရှိရပြီး ယမန်နေ့က စားအုန်းဆီ ၅၅၀ ပိသာအား သတ်မှတ် ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၌ အမျိုးသမီးများဆိုင်ရာ ကာကွယ်ပေးသည့်အခွင့်အရေးဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ချမ်းအေးသာစံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသမီးများဆိုင်ရာ ကာကွယ်ပေးထားသည့်အခွင့်အရေးဥပဒေများအကြောင်း အသိပညာပေးဟောပြောပွဲကို ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီ ရပ်ကွက်ရှိ ဆုတောင်းရမြတ်စွာဘုရား၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအဆင့် နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရူံးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နွေရာသီအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာမြင့်မိုရ်ခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အထိမ်းအမှတ်ကြိုဆိုသောအားဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား  ချစ်ကြည်ရေး အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို မတ် ၂၅ ရက် ညနေ ၄ နာရီအချိန်က ရွှေသူဌေးရပ်ကွက်အတွင်းရှိ BOB မိုးလုံလေလုံအားကစားကွင်းခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး