မန္တလေးတိုင်းဒေသကြီး

ငါန်းဇွန်မြို့၌ ပါဠိပထမပြန်စာမေးပွဲဖြေဆို

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယနေ့ မွန်းတည့် ၁၂နာရီက စတင်၍ မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမ ပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်တတိယနေ့စာမေးပွဲကို မတ် ၃၁ ရက် မွန်းတည့် ၁၂ နာရီက အမှတ် (၃၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ဖြေဆိုလျက်ရှိသည်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို မတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ၊ တိုင်းဒေသကြီး လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၇၂) ဦး တက်ရောက်ကြသည်။

ကျောက်ပန်းတောင်းမြို့၌ အခြေခံအင်္ဂလိပ်စကားပြောနှင့် ကိုရီးယားဘာသာစကားပြောသင်တန်းများ သင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ပေးလျက်ရှိသည့် အခြေခံအင်္ဂလိပ်စကားပြောနှင့် ကိုရီးယားစကားပြောသင်တန်းများ သင်တန်းဆင်းပွဲကို မတ် ၃၁ ရက်နေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့၌ ရပ်ကွက်၊ ကျေးရွာ ၁၀ ခု၌ သတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာ ငွေ ၇၇၂၅ ကျပ်ဖြင့် စားအုန်းဆီ ၂၉၉၄ ပိဿာ ရောင်းချပေး

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာ ၁၀ ခုအတွင်းရှိ ပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာငွေ ၇၇၂၅ ကျပ်ဖြင့် စားအုန်းဆီ ၂၉၉၄ ပိဿာ ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ သိရသည်။

ပုသိမ်ကြီးမြို့နယ်အတွင်း စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနသည် နွေရာသီ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၃၁ ရက် နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသန့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်း စစ်ဆေးကြသည်။

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခမဲ့သင်ကြားပေးလျက်ရှိသော အခြေခံအင်္ဂလိပ်စာနှင့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အခမဲ့သင်ကြားပေးလျက်ရှိသော အခြေခံအင်္ဂလိပ်စာနှင့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံမြန်မာ့သိုင်းပြိုင်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်သိုင်းဆပ်ကော်မတီတို့ ဖွင့်လှစ်သော အခြေခံမြန်မာ့သိုင်းပြိုင်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

မြန်မာ့လက်မှုအနုပညာလက်မှုလုပ်ငန်း ပုဂံဒေသထွက် ယွန်းထည်ပစ္စည်း ပြည်တွင်းဧည့်သည်များ ပါစိတ်ဝင်စားမှုမြင့်တက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံဒေသထွက် မြန်မာ့လက်မှုအနုပညာ ယွန်းထည်ပစ္စည်းထုတ်လုပ်မှု၊ ယွန်းထည်ပစ္စည်းထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ယွန်းထည်သုံးပစ္စည်းများ ပြည်ပဧည့်သည်များသာမက ပြည်တွင်းခရီးသွားဧည့်သည်များလည်း စိတ်ဝင်စားမှုမြင့်တက်နေကာ ပြည်တွင်းဝယ်လိုအားကြောင့် ယွန်းထည်လုပ်ငန်းရှင်များ အဆက်မပြတ် ပြန်လည်လုပ်ကိုင်နေကြောင်း ဦးဘငြိမ်းယွန်းထည်လုပ်ငန်းရှင်ထံက သိရသည်။

မြင်းခြံမြို့ အေးမြသီတာဈေး၌ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အေးမြသီတာဈေး၌ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ ၃၀ ရက် နေ့လယ် ၂ နာရီက ပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး