ကျောက်ပန်းတောင်း မတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ပေးလျက်ရှိသည့် အခြေခံအင်္ဂလိပ်စကားပြောနှင့် ကိုရီးယားစကားပြောသင်တန်းများ သင်တန်းဆင်းပွဲကို မတ် ၃၁ ရက်နေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် အခြေခံအင်္ဂလိပ်စကားပြော သင်တန်းကို ဆရာမ ဒေါ်ချိုသာနှင့် အခြေခံ ကိုရီးယားစကားပြောသင်တန်းကို ဆရာ ဦးအောင်ပိုင်တို့က သင်ကြားပေးခြင်းဖြစ်ပြီး၊ နံနက် ၉ နာရီမှ ၁၀ နာရီခွဲအထိ အင်္ဂလိပ်စကားပြော သင်တန်းဖွင့်လှစ်ပေးပြီး နံနက် ၁၀ နာရီ ၄၅ မိနစ်မှ ၁၂ နာရီအထိ ကိုရီးယားစကားပြော အခြေခံများကို မူလတန်းဆင့်ကလေးငယ် ၂၀ ဦးတို့အား ရက်သတ္တတစ်ပတ်ကြာ သင်ကြားပေးခြင်းဖြစ်သည်။ သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်မေသက်နွယ်က သင်တန်းဆင်း အမှာစကားပြောကြားပြီး၊ အင်္ဂလိပ် စကားပြောသင်တန်းနည်းပြ ဒေါ်ချိုသာနှင့် ကိုရီးယားဘာသာစကားပြော နည်းပြ ဦးအောင်ပိုင်တို့အား အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။ ယင်းနောက် သင်တန်းသား ကလေးငယ်များအား အချိုရည်၊ မုန့်များဖြင့် ဧည့်ခံကျွေးမွေး၍ သင်တန်းဆင်းပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)