ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကျင်းပမည့် လမ်းလျှောက်သင်္ကြန်တွင် ဖျော်ဖြေကြမည့် ယိမ်းအဖွဲ့များအကလေ့ကျင့်

ညောင်ဦး ဧပြီ ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကျင်းပမည့်လမ်းလျှောက်သင်္ကြန်တွင် ကပြဖျော်ဖြေကြမည့် ယိမ်းအဖွဲ့(၈)ဖွဲ့ စုပေါင်းက ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင်ဇာတ်တိုက်လေ့ကျင့်လျက်ရှိကြောင်းသိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သရပါတံခါးမှဗူးဘုရားလမ်းထိပ်အထိ လမ်းလျှောက်သင်္ကြန် အတွက် ဗဟိုမဏ္ဍပ်၊ ပုသိမ်ထီး၊ ပုဂံထီး၊ ရေကစားမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်နှင့်ပုဂံ အငွေ့ အသက်မုခ်ဦး၊ နွားလှည်းများဖြင့်ရေကစားနိုင်ရေး၊ ယိမ်းအဖွဲ့(၈)ဖွဲ့၊သံစုံတီးဝိုင်း(၆) ဝိုင်းတို့ဖြင့် လမ်းလျှောက်သင်္ကြန်အား ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းလျှောက်သင်္ကြန်တွင် ကပြဖျော်ဖြေကြမည့် ယိမ်းအဖွဲ့(၈)ဖွဲ့ ဇာတ်တိုက်လေ့ကျင့် ကပြနေခြင်းအား ညောင်ဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာဟိန်း၊ ညောင်ဦးခရိုင် ပညာရေးမှူး ဦးကျော်ဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ရည်မွန်သူ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးအေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်တင့်တင့်အောင်တို့က သင်္ကြန်အကြိုနေ့ မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်နိုင်ရေး ဖဲကြိုးကိုင်မည့်သူများ ပုဂံအဝတ် အထည်များဆင်တူဝတ်ဆင်နိုင်းရေး လူရွေးချယ်ခြင်းနှင့်သင်္ကြန်သီချင်းတိုက်လေ့ကျင့်ခြင်းများ အား စစ်ဆေးရွေးချယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း