မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြော

မန္တလေး  ဧပြီ ၉

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်သူဇာဝင်းက အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာ‌ဆောင်ရွက်ရာတွင် အရိပ်ရ၍ အေးမြသောနေရာတွင်သာနေရန်၊ မိမိအသားရေကို နေရောင်ခြည်နဲ့ တိုက်ရိုက် မထိ‌တွေ့စေရန် လက်၊ လည်ပင်းနှင့် ပခုံးတို့ကိုပါ လုံခြုံသော အရောင်ဖျော့သည့် ပွပွချောင်ချောင် ချည်ထည်ကို ဝတ်ဆင်ရန်၊ နေ့လယ်ခင်း အပြင်သွားပါက ထီး၊ ဦးထုပ်တို့ကို ဆောင်းသွားရန်၊ ရေများများသောက်ဖို့ရန်၊ အပူဒဏ်အန္တရာယ် ရှောင်ကြဉ်ရမည့် အချက်များနှင့် အပူဒဏ်ကြောင့် ဖြစ်တတ်သော ရောဂါများအကြောင်းကို အသိပညာပေးဟောပြောခဲ့ရာ ဟောပြောပွဲ တက်ရောက်လာသည့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)