မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲကျင်းပ
မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဦးစိုင်းအောင်ကြည်နှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မိတ္ထီလာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်/ဒီဂရီ/ကောလိပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၊ စက်မှုအထက်တန်းကျောင်း၊ စက်မှုလက်မှုသိပ္ပံနှင့် သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ကြက်ခြေနီလူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာလူငယ်များ၊ ပြည်ခိုင်ဖြိုးလူငယ်များ၊ ပရဟိတလူငယ်များနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်လူငယ်များ တက်ရောက်ကြသည်။